အကိုင်းအခက်များကို ၊ အသီးတို့ဖြင့် ဝေစည်လာအောင်၊ ဖန်တီးပေးခြင်းအတွက် မြေကြီးအောက်က ၊ အမြစ်များသည် မည်သည့်ဆုလာဘ်မျိုးကိုမျှ မတောင်းပါ

မေတ္တာပေါင်းကူး

By ဦးကောဝိဒ(မြိတ်)
မကြာသေးမီက တနင်္သာရီမြို့နယ်၊သာရဘွင်ရွာ၊ ဘုန်းတော်ကြီးကျောင်းမှာ စာပေသင်ကြားနေကြသော ဘာသာစုံ ခလေးငယ်များအား ၀တ်စရာ အ၀တ်နှင့် စာအုပ်၊ခဲတံ၊မင်တံများ သွားရောက်လှူဒါန်းပြီးတဲ့နောက် ယခုတဖန် ထို ကျောင်းမှ ခလေးငယ်များအား ဆန်အိတ်အတွက် တန်ဖိုး ၁၅၀၀၀၀ ကျပ်နှင့်ညီမျှသော ဆန်အိတ်များကို သွားရောက် လှူဒါန်းခဲ့ပါကြောင်း
Type rest of the post here
 


မေတ္တဖေါင်ဒေးရှင်း အဖွဲ့မှ တာဝန်ရှိသူများ

By ဦးကောဝိဒ(မြိတ်)

၁။ ဦးကောဝိဒ(မြိတ်) (www.venkawwida.net)
၂။ ဦးကုမာရ (www.ashinkumara.com)
၃။ ကိုမျီုးမင်းထွန်း (www.shs4.myeik.blogspot.com
၎။ ကိုအောင်နိုင်ဦး (www.upasaka969.blogspot.com
၅။ ကိုသန်းအောင်
၆။ ကိုစိုးစိုး
၇။ မစမ်းစမ်းသော်
၈။ မပွင့်ဖြူထွန်း
၉။ မအိ
၁၀။ မရီရီနွယ်


Type rest of the post here
 


မေတ္တာပေါင်းကူး အစီအစဉ် များ

By ဦးကောဝိဒ(မြိတ်)






ကိုရီးယားနိင်င်္င မြိတ်အဖွဲ့မှ မေတ္တာဖေါင်ဒေးရှင်းအား လှူဒါန်းသည့် အလှူငွေမျာဖြင့် တနင်္သာရီမြို့နယ်၊ သာရဘွင်ရွာ ၊ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းသားများအား အ၀တ်အစုံ (၄၀)၊ ဗလာစာအုပ် ဒါဇင်(၄၀)၊မင်တံခဲ့တံစသည့် ကျောင်းသုံးစာရေးကရိယာများကို သွားရောက်လှူဒါန်းခဲ့ပါသည်။
Type rest of the post here
 


မေတ္တာပေါင်းကူး

By ဦးကောဝိဒ(မြိတ်)
၂၀၀၇ ခုနှစ်တွင်…..
ကျောင်းသား/ကျောင်းသူ ငါးယောက်တို့ကို အခြေခံပညာအထက်တန်းတွင် ပညာသင်ကြားပေးနိုင်ခဲ့ပါသည်။ ၄င်းတို့အနက်- န၀မတန်း ( ၂ ) ယောက်၊ ဒသမတန်း ( ၃ )ယောက်တို့ကို မေတ္တာဖေါင်ဒေးရှင်းက ပညာသင်ကြားပေးနိုင်ခဲ့ပါသည်။
ထိုနှစ်တွင် ပထမဦးဆုံး စတင်လုပ်ဆောင်ရသည့်အတွက် လုပ်ငန်းတွင်ကျယ်မှု မရှိလှ။ သို့သော်လည်း န၀မတန်း တွင် တစ်ယောကအောင်၍ ဒသမတန်း တစ်ယောက်အောင်မြင်ခဲ့ပေသည်။ ထိုစဉ်က ကျောင်းသူများကို အေးရိပ်ချောင်မဟာစည်ရိပ်သာတွင် နေထိုင်စေ၍ ကျောင်းကို တက်စေခဲ့ပါသည်။

ယခုနှစ် ၂၀၀၈ ခုနှစ်တွင်…
ဒသမတန်းကျောင်းသူတစ်ယောက်အား အာရုဏ်သစ် ဘော်ဒါဆောင်တွင် တစ်နှစ်လုံးအတွက် ငါးသိန်းကျပ်ဖြင့် ဘော်ဒါတွင်နေစေခဲ့ရာ ထိုကျောင်းသူ၏ တစ်နှစ်အတွက် ကျောင်းစရိတ်ပါ စုစုပေါင်း (၈)သိန်းဖိုးခန့်ကို ထောက်ပံ့သွားရန် ရည်မှန်းထားပါသည်။
(၂၀၀၈)ခုနှစ်တွင်……
ကိုးရီးယားနိုင်ငံမှ မြိတ်ဒကာ/ဒကာမများက စုပေါင်းအလှူငွေ (၅)သိန်းကျပ်ကို လှူဒါန်းခဲ့ရာ ထိုလှူဒါန်းငွေကို မေတ္တာဖောင်ဒေးရှင်းအဖွဲ့ နာယကဆရာတော် ဦးကောဝိဒ(မြိတ်)မှ လက်ခံခဲ့ပါသည်။
ထိုနှစ်တွင်ပင်
တနင်္သာရီမြို့နယ်၊သာရဘွင်ကျေးရွာ ဆရာတော်၏ စီမံချက်အရ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ကာ ပညာသင်ကြားနေကြသော မူလတန်း၊အလယ်တန်း၊အထက်တန်း ကျောင်းသား အယောက်(၂၀)အတွက် အ၀တ် အစုံ (၄၀)၊ ဗလာစာအုပ် (၄၀)ဒါဇင်၊ မင်တံ၊ ခဲတံစသဖြင့် စုစုပေါင်း တန်ဖိုး ကျပ်ငွေ သုံးသိန်းခန့် ကို ကိုးရီးယားမှ-မြိတ်ဒကာ/ဒကာမများကိုယ်စား ဆရာတော် ဦးကောဝိဒ(မြိတ်)ခေါင်းဆောင်၍ အဖွဲ့သူ/အဖွဲ့သားများသည် အဆိုပါ သာရဘွင်ကျေးရွာသို့ မကြာမီ သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။
ဤတွင် တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အဝေးမှ လာရောက်နေထိုင်ကာ ပညာသင်ယူနေကြသော ဗုဒ္ဓဘာသာနှင့်ဘာသာခြား လူငယ်များ ရှိပါသည်။ ထိုလူငယ်များတွင် အများအားဖြင့် ခရစ်ယာန်ဘာသာဝင်ကများပြီး ချို့တဲ့သည်ကများပါသည်။
သာရဘွင်ရွာဘုန်းတော်ကြီးကျောင်း၌ ဆရာတော်၏ လမ်းညွန်ချက်ဖြင့် နေထိုင်ကာ အတန်းပညာကို သင်ကြားနေကြရာမှ တစ်နှစ်တာကျောင်းပိတ်သောအချိန်တွင် မိမိနေရပ်သို့ ခေတ္တခဏပြန်ကြသော ကလေးငယ်အချို့သည် သူတို့၏ အမေအဖေအိမ်သို့ ပြန်ရောက်သောအခါ အိမ်တွင် သူတို့နေခဲ့သည့် ဘုန်းကြီးကျောင်းနှင့်မတူသည်ကို အခြေခံပြီး “ အမေ….သားတို့အိမ်မှာ ဘုရားအဆောင်လည်း မရှိပါလား၊ဘာကြောင့် သည်လိုဖြစ်ရတာလဲ အမေ ၊ သားတို့နေရတဲ့ ကျောင်းမှာတော့ ဘုရားအဆောင်ရှိတယ်အမေရဲ့”…….။ ဟု လူမမယ် အရွယ်မမြောက် ကလေးငယ်များ၏ ပဲ့တင်သံစကားလေးများကို ကြားရသောအခါ စာရေးသူတို့အဖို့ နှလုံးပီတိ ဂွမ်းဆီထိသို့ ဆိုသကဲ့သို့ ၀မ်းသာပီတိဖြစ်ခဲ့ရပါသည်။
သူတို့လေးတွေဟာ နောင်တစ်ချိန်မှာ ပတ်ဝန်းကျင်ကြောင့် သူတို့မိခင်ဘာသာသို့ ပြန်ရောက်နိုင်ပါသည်။ ထိုသို့ မိခင်ဘာသာသို့ ပြန်ရောက်သွားသော်လည်း ငယ်ရွယ်သည့်အချိန်တုန်းက ဘုန်းကြီးကျောင်းနေခဲ့ရသည့်အတွက် ဘုရားရှိခိုးစတဲ့ ဗုဒ္ဓဘာသာနှင့်ပတ်သက်တဲ့ အရိပ်အငွေ့လေးတွေဟာ သူတို့ သန္တာန်မှာ ကိန်းအောင်းကျန်ရစ်နေမှာပါ။ တိုတောင်းတဲ့ လူတို့ဘ၀မှာ ခဏတာ ကုသိုလ်လုပ်ငန်းများ ကို နဲနဲဖြစ်စေ လုပ်လိုက်ရသည်က သူတို့အတွက် တန်ဖိုးမဖြတ်နိုင်ပေ။ (ဤနေရာတွင် ဆရာတော်ကြီး၏ လုပ်ဆောင်ချက်ကား ဘာသာရေးမြူဆွယ်မှု လုံးဝမပါ၊ ပရဟိတအကျိုးသက်သက်သာဖြစ်သည်ကို သတိထားစေချင်ပါသည်)။
ထို့ကြောင့် ဆရာတော်သည် ဘာသာခြားကလေးငယ်များကို ဘာသာအယူဝါဒအရ အတင်းအဓမ္မ ဆွဲဆောင်မှုမပြုလုပ်ပဲ လူသားချင်းစာနာသည့် ပရဟိတစိတ်ဓါတ်ဖြင့် ကလေးငယ်များအား စာသင်ပေးခဲ့ပါသည်။ အစိုးရကျောင်းမအပ်နိုင်သည့် အခြေအနေတွင်ရှိသည့် ကလေးငယ်များကိုတော့ ဆရာတော်ကိုယ်တိုင် နေ့စဉ် စာသင်ပေးပါသည်။ နောင်လူလားမြောက်သည့်အချိန်ရောက်လျှင် သူတို့လမ်းသူတို့လျှောက်ကြရမှာ ဖြစ်သည့်အတွက် သူတို့လေးတွေအား ပညာတတ်စေချင်သည်က ဆရာတော်၏ မေတ္တာစေတနာပင်ဖြစ်ပါသည်။ ထိုကဲ့သို့ သာရဘွင်ရွာဘုန်းတော်ကြီးကျောင်း၏ မွန်မြတ်သည့် လုပ်ဆောင်ချက်ကို ပံ့ပိုးကူညီနိုင်ရန် မြိတ်မြို့- မေတ္တာဖောင်ဒေးရှင်းအဖွဲ့မှ မေတ္တာပေါင်းကူးတံတားခင်းပေးလိုက်ရပါကြောင်း။
လူသားတို့ဘ၀ သာယာတိုးတက်ကြပါစေ
မေတ္တာဖေါင်ဒေးရှင်းအဖွဲ့
မြိတ်
 


မေတ္တာပေါင်းကူး ပေးကြသူများ

By ဦးကောဝိဒ(မြိတ်)

မေတ္တာပေါင်းကူးပေးကြသူ စေတနာရှင်များ

ဦးကျော်မြင့်+ဒေါ်ကက်သရင်း မိသားစု

နော်ဝေ

၇၄၂၂၀၀

မြိတ် အဖွဲ့

တောင်ကိုရီးယား

၅၀၀၀၀၀

ဦးကော့ခင် +ဒေါ်ခင်လေးလွင် မိသားစု

ကော့သောင်းမြို့

၅၀၀၀၀

မစ္စ ဒိုနာ နှင့်စင်္ကာပူ ဒကာ/ဒကာမများ

စင်္ကာပူ

၂၀၀၀၀၀

ကိုလှဌေး+မသီတာအောင်၊သမီး၊မသီရိပြည့်စုံ

တောင်ဒဂုံ၊ရန်ကုန်

၃၀၀၀၀

ကိုသူရလင်း

ကန်ဖျား၊မြိတ်

၁၅၀၀၀

မောင်သက်နိုင်

ခေတ္တစင်္ကာပူ

၃၀၀၀၀

ကိုနိုင်ဝင်း

နောက်လယ်၊မြိတ်

၁၀၀၀၀